Saturday, January 3, 2015

အ​မေများ​နေ့

မေ​မေ

ဖေ​ဖေမရှိကထဲက

သားတို့ ညီအကို ​မောင်​နှမ​တွေကို

ရှာ​ဖွေ​ကျွေး​မွေး​စောင်​​ရှောက်​ ​ပေးခဲတယ်

ဒါ​ပေမယ့်​ဗျာ

အ​မေနားမှာရှိခိုက်

မလိမ်​မာခဲဘူး

အရာရာ ဆန့်​ကြင်​ဘက်​ ​တွေးပြီး

အမြဲအပြစ်​တင်​ခဲတယ်

အခု​ ချစ်​​မေ​မေနဲ့ ​ဝေးမှာခွဲ​နေရမှ

အရင်​ဆိုးခဲသမျှကို ​နောင်​တရမိတယ်​ဗျာ

မေ​မေ

အခုလို ​မေ​မေများ​နေ့​လေးမှာ

သားကို လွမ်း​နေမယ်​ဆိုတာသိပါတယ်

သားလဲလွမ်း​နေရပါတယ်​​မေ​မေ

ဒီ​အ​မေများ​နေ့​လေးမှာ

အ​ဝေးက​နေ ချစ်​​မေ​မေကို

တမ်းတ
          ရှိခိုးလိုက်​ပါတယ်​​မေ​မေ

                         အ​ဝေး​ရောက်​သား​လေး
                                                    ၈thu,.soethu

Jaunary 4 .2015 Mother day

Mother day




Saturday, December 20, 2014

မိဘမောတ္တာ

မေမေ

ဖေဖေ ဆုံးသွားပြီးကတဲက

မိသားစု စားဝတ်နေရေး အတွက်

တစ်ချက်လေးမှ မနားမနေ ပဲ

ည တစ်ချက်တီးသည့်တိုင်အောင်

မအိပ်နိင်ပဲ ပိုက်ဆံရဖို့

ရှာဖွေနေရှာတဲ့မေမေ

နီးနေတုန်းက ဆုံးမပြောဆိုသမျှ

နားငြီးတယ်လို့ ငြီးခဲ့မိတဲ့

ကိုယ့်ကိုယ်ကို အခုအချိန်မှာ

စိတ်နာမိတယ်ဗျာ

ဖေဖေ

   မိန်းမနဲ့

သားသမီးတွေရဲ့ဘဝ စားဝတ်နေရေး

အတွက် အန္တရာယ် ကိုမမူ့ သူအသက်

ကိုစွန့် နိင်တဲ့ စိတ်ထားနဲ့

အမြဲတမ်း ကြိုးစားနေရတဲ့

ဖေဖေ
အဆင်မပြေချိန်မျာ

လိုတာမရလို့ စိတ်ဆိုးခဲ့မိတဲ့

ကိုယ့်ကိုယ်ကို အခုစိတ်နာမိတယ်

နောက်ဆုံး
           ပိုက်ဆံရှာရင်း

သားသမီးတွေအတွက် အသက်ပေးခဲ့တဲ့

ဖေဖေ
         ထာဝရ သတိရနေမှာပါဖေဖေ

ဘုရားမှာ
              ဖေဖေအတွက်
မြတ်နိဗ္ဗာန် ရောက်ဖို့ ဆုမွန်တောင်းနေပါတယ်ဖေဖေ

ထာဝရ အမြဲ

ရှိခိုးဦးချလျှက်ပါ ဖေဖေ
                                     ၈thu,.